EduCSE Blog

Share

Advertise here

Computational science and engineering (#CSE)

Author: Win Aung Cho
15-Mar-2022 09:50:05 AM*

Computational science and engineering (CSE)
မိတ်ဆက်

Computational science and engineering (CSE) ကွန်ပျူတာသိပ္ပံနှင့်အင်ဂျင်နီယာ ဘာသာရပ်သည် ယခုအခါ အထူးကျယ်ပြန့် ဖွံ့ဖြိုးလာသည့်ဘာသာရပ်ဖြစ်သည်။

အမှန်တကယ်လက်တွေ့ဘဝတွင်ရှိသော ပြဿနာ (physical problem) များကို ကွန်ပြူတာတွင် တွက်ချက်မှုမိုဒယ် (mathematic model) ပြုဖန်တီးပြီး အဖြေရှာခြင်းများ၊ ၎င်းမိုဒယ်များဖြင့် simulation (simulation model) များပြုလုပ်၍ ခန့်မှန်းချက်များတွက်ထုတ်ခြင်း များကို လုပ်ကြရသည်၊ ရှုပ်ထွေးသော ပြဿနာများ၏ အဖြေကိုတွက်ထုတ်သော အသုံးချဆော့ဖ်ဝဲ များတည်ဆောက်ရာတွင် သက်ဆိုင်ရာ သိပ္ပံနှင့်အင်ဂျင်နီယာပညာရပ်ကို ကျွမ်းကျင်ရန်လိုအပ်သည်။

Engineering ဘာသာရပ်များသည် လွန်စွာ ကျယ်ပြန့်သဖြင့် Computer system engineer နှင့် Software engineering ပညာရပ်မျာသည် CSE Model နှင့် simulation များကို တည်ဆောက်ရန် လုံလောက်သော ဗဟုသုတ အထောက်အပံ့ မပေးနိုင်ပေ၊ သို့သော် ကွန်ပြူတာ၏ hardware, system ware နှင့် operating platform များကို အဆင့်မြှင့်တင်ပေးကြသည့် အတွက် ကွန်ပြူတာအသုံးပြုသူများ၊ အသုံးချဆော့ဖ်ဝဲ ထုတ်လုပ်သူများ အတွက် လွယ်ကူ၍ ထိထိရောက်ရောက်အသုံးတည့် သည့် ကွန်ပြူတာစံနစ်များကို ပေါ်ထွက်လာစေပါသည်။

CSE Model နှင့် Simulation များကို သက်ဆိုင်ရာ အင်ဂျင်နီယာဘာသာရပ်ကို ပိုင်နိုင်ကျွမ်းကျင်သူများကသာ ပြုလုပ်နိုင်ကြပေသည်၊ ထို့ကြောင့် သက်ဆိုင်ရာအင်ဂျင်နီယာ ဘာသာရပ်ဌာနများအနေနှင့် Computational Engineering ဘာသာရပ်ကို သင်ကြားပေးသင့်ပေသည် (ဥပမာ Computational Civil Network Engineering, Computational Fluid Dynamic Engineering)

သို့သော် မူလအင်ဂျင်နီယာ ပညာရပ်တွင် တွက်ချက်မှုနှင့်ပါတ်သက်သော၊ မိုဒယ်တည်ဆောက်မှုနှင့်ပါတ်သက်သော၊ ပညာရပ်များထည့်သွင်းမှသာ ပြဿနာကိုအမှန်တကယ် ဖြေရှင်းနိုင်မည့် အသုံးချကွန်ပြူတာ စံနစ်များ ရရှိနိုင်ပေမည်။

ထို့ကြောင့် computational engineering ဘာသာရပ်တွင် မူလ အင်ဂျင်နီယာ ဘာသာရပ် (ဥပမာ သက်ဆိုင်ရာ civil, mechanical, electrical, electronic, mining စသည့် engineering ပညာရပ်များ) အပြင် အောက်ပါတို့ကိုလည်း သိရပေမည်။
Terrain Model using Delaunay Triangle
Advertise here
၁၊ ကွန်ပြူတာ ဘာသာစကား (Programming language)
ဥပမာ
BASIC, FORTRAN, COBOL, PLC, ADA, Pascal, C, C++, C#, Java, Python, PHP ….

၂၊ အချက်အလက်များ စုစည်းမှုပုံစံ (Data structure)
ဥပမာ
Array, Matrix, Record, List, Link List, Set, Heap, Stack, Queue, Map, Graph, Tree, Geojson…….
Dynamic Vehicle Model
Advertise here
၃၊ ပြဿနာဖြေရှင်းခြင်း ပုံစံ အဆင့်ဆင့် (Algorithm)
Heuristic algorithm,
Simple recursive algorithms,
Backtracking algorithms,
Genetic algorithm,
Divide and conquer algorithms,
Dynamic programming algorithms,
Greedy algorithms,
Branch and bound algorithms,
Brute force algorithms,
Randomized algorithms.
Detailing using Polygon Construction
Advertise here
၄၊ ပြဿာနာဖြေရှင်းမည့် သင်္ချာ နည်း (Numerical methods)
ဥပမာ
Discrete mathematic,
Matrix,
Applied calculus,
Combinatorics,
Logic,
Computational geometry,
Set,
Graph,
Fuzzy logic,
Stochastic (Probability) …….

စသည်တို့ သိရှိရပေမည်။
Graph Modeling and Analysis
Advertise here
Original Post

Advertise here

Author: Win Aung Cho
15-Mar-2022 09:50:05 AM*

135