EduCSE Blog

Share

Advertise here

Rebound/Swiss hammer test

Author: Win Aung Cho
15-Mar-2022 04:48:30 PM*

Rebound hammer ဆိုတာ
Rebound hammer ဆိုတာ ကွန်ကရိရဲ့ နှိုင်းရ ဖိဒဏ်အားကိုသိဘို့ ကွန်ကရိရဲ့အပြင်ဘက် မျက်နှာပြင်မှာ စမ်းသပ်တဲ့ ပစ္စည်းကိရိယာဖြစ်တယ်၊ Ernst Schmidt ဆိုတဲ့ ဆွစ်အင်ဂျင်နီယာက တီထွင်ခဲ့တဲ့အတွက် Schmidt’s Hammer သို့မဟုပ် Swiss Hammer လို့လည်းခေါ်ပါတယ်။
စက်၏အလုပ်လုပ်ပုံ
အပြင်ထွက်နေတဲ့ ပလန်ဂျာကို ကွန်ကရိမျက်နှာပြင်ပေါ် ဖိခြင်းအားဖြင့် စွမ်းအင်ကိန်းသေပေးနိုင်သော စပရင်ဖြင့်ထိမ်းထားသည့် ဒြပ်ထုက ပြန်ကန်ထုတ်သည့် အရွေ့ကို တိုင်းတာခြင်းဖြစ်သည်၊ အရွေ့ကို အညီအမျှပိုင်းထားသော ပေတံအမှတ်အသားမှရယူသည်၊ rebound number သို့မဟုပ် rebound index ဟုခေါ်သည်။
အကျိုးကျေးဇူး
အဆောက်အဦကို ပျက်စီးမှု မရှိစေဘဲ (NDT) စမ်းသပ်နိုင်သည်၊
ကွန်ကရိမျက်နှာပြင် အလွှာ၏ မာကျောမှုကို တိုင်းနိုင်သည်၊ ကုန်ကျစားရိတ် သက်သာ၍ လုပ်ကိုင်ရလွယ်ကူသည်၊ မျက်နှာပြင် အစောင်း အမျိုးမျိုးအတွက် တိုင်းနိုင်သည်၊ ပေါ့ပါး၍ သယ်ယူရလွယ်ကူပြီး လက်ဖြင့်ကိုင်တိုင်းနိုင်သည်၊ အရည်အသွေးညံ့ဖြင်းသော ကွန်ကရိ ရှိသည့်နေရာကို အလွယ်တကူ သိရှိနိုင်သည်။
Rebound Hammer
Advertise here
တိုင်းတာစဥ် သတိပြုရမည့်အချက်များ
ASTM C805/C805M မှသတ်မှတ်သည့်အတိုင်း တိုင်းတာရမည်၊
မျက်နှာပြင်ကို ထောင့်မှန်ကျအောင် ထား၍တိုင်းတာရမည်၊
အစွန်းနှုပ်ခမ်းမှ အနည်းဆုံး ၂၀မမ ကွာရမည်၊
သံချောင်းများမှ အနည်းဆုံး ၂၀မမ ကွာသောမျက်နှာပြင်ဖြစ်ရမည်၊
ကွန်ကရိလောင်းပြီးချိန်မှ အနည်းဆုံး ၁၄ ရက်ရပြီးသား ကွန်ကရိဖြစ်ရမည်၊
မျက်နှာပြင် ကြမ်းတမ်းခြင်း၊ ကျောက်ဖြုံးထခြင်း၊ ပျက်စီးနေသော သို့မဟုပ် ထွင်းထုထားသော မျက်နှာပြင် ဖြစ်ခြင်း၊ မျက်နှာပြင်တွင် ရေခဲနေခြင်း၊ ကာဘွန်နိတ်ဖြင့် မာဆင့်တင်ထားခြင်းများ မဖြစ်စေရ၊
Operation
Advertise here
စံတိုက်ခြင်း

ACI 228.1R တွင်ဖေါ်ပြသည့်အတိုင်း ကွန်ကရိအားကို ခန့်မှန်းနိုင်သည်၊
rebound index နှင့် concrete strength (ကွန်ကရိ ခံနိုင်ရည်အား) ဆက်စပ်သိနိုင်ရန် စံသတ်မှတ်ထားသော ကွန်ကရိဖိဒဏ်အား စမ်းသပ်သည့် ဓါတ်ခွဲခန်းနည်းဖြင့် (CTM) စံတိုက်ထားရမည်။ rebound စမ်းသပ်၍ rebound index သိသော ၁၅၀မမx၁၅၀မမ ကုဗတုံးကို ဓါတ်ခွဲခန်းတွင် ခွဲကြည့်ခြင်းဖြင့် ခံနိုင်ရည်အားကို ဆက်စပ်နိုင်သည်။
Quality of Concrete vs Rebound Number
Advertise here
ရလာဒ်ကိုအသုံးပြုပုံ

အမှန်စင်စစ် rebound index မှရသော ကွန်ကရိခံနိုင်ရည်အားကို #တရားဝင်အတည်ပြုမမှတ်ယူနိုင်ပေ၊ ၎င်းအမှတ် သည် ကွန်ကရိအကောင်း နှင့် အဆိုးကို နှိုင်းယှဥ်ရန် နှိုင်းရ တန်ဘိုးသာဖြစ်ပြီး၊ စံတိုက်ထားသော ကွန်ကရိအားကို အင်ဂျင်နီယာများ ကယူ၍ ဆက်လက်ပြီး စမ်းသပ်မှုလိုမလို ဆုံးဖြတ်သည်၊ rebound index ၂၀ မှ ၃၀ အတွင်းကို သင့်သည်ဟုသတ်မှတ်သည်၊ ကွန်ကရိအရည်အသွေး ညံ့ဖျဥ်းသည်ဟု (< ၂၀) ယူဆပါက ထိုနေရာမှ ကွန်ကရိကို ဖြတ်ထုတ်၍ (core drill) ဆလင်ဒါပုံ ကွန်ကရိ နမူနာကို စံစစ်ဆေးမှုများအတိုင်း စမ်းသပ်ရမည်။
Compressive Strength vs Rebound Number
Advertise here
CODE ၏ ခွင့်ပြုခြင်း

အထက်ပါ ရှင်းပြသည့် နည်းအတိုင်း 1.6.4.2 of ACI 301-16 တွင် rebound hammer test ကို အသုံးပြုနိုင်သည့်အကြောင်း ဖေါ်ပြထားသည်။
Original Post

Advertise here

Author: Win Aung Cho
15-Mar-2022 04:48:30 PM*

183