EduCSE Blog

Share

Advertise here

Steel and Corrosion

Author: Win Aung Cho
17-Apr-2022 05:08:53 PM*

Steel and Corrosion (သံနှင့် သံချေးတက်ခြင်း)

စက်ရုံထုတ် သံမဏိချောင်း တွေမှာ အောက်ခံဆေး (red oxide) သုတ်မထားရင်တောင် ပါးလွှာတဲ့ iron oxide (oxide film, passive film) အလွှာရှိပါတယ်၊ အလွန် ပူနေတဲ့ သံမဏိချောင်းကို ရေးနွေးငွေ့(steam) တွင်ဖြတ်သန်းစေခြင်းဖြင့် iron oxide အလွှာကို ရရှိပါသည်၊ ထိုအလွှာသည် သံချေးမတက်အောင်ကာကွယ်ပေးပါသည်၊ သို့ရာတွင် ဖြတ်တောက်ထားသော မျက်နှာပြင် တွင်ယင်းအလွှာ မရှိသဖြင့် သံချေးမတက်ရန် ဆေးသုတ်ထားပေးရမည်။
သံကူ ကွန်ကရိ တွင်သုံးရန် သံချောင်း များကို ဆေးသုတ်ရန် မလိုသော်လည်း epoxy သုတ်လိမ်း၍ လည်းသုံးကြသည်၊ သံထည် အဆောက် အဦ သုံး သံမဏိများကိုမူ အလုပ်လုပ်ချိန်နှင့် ထားသိုလ် ချိန်တွင် အနည်းဆုံး red oxide အလွှာ သုတ်ထားသင့်သည်၊
လေထဲတွင် ကလိုရိုက် အိုင်ယွန်(chloride ions) များသည် သံမဏိအပေါ်လွှာ (iron oxide) ကိုဖြတ်သန်းစိမ့်ဝင် ပျက်စီးစေသည်၊ ကွန်ကရိတွင် 260 ppm ပမာဏရှိသော ကလိုရိုက်သည် ကာကွယ်ရေးအလွှာ (oxide film) ကို ပျက်စီးစေရန် လုံလောက်ပေသည်။
Steel Piles
Advertise here
လေထဲရှိ ကာဗွန်ဒိုင်အောက်ဆိုက် ကြောင့် ကာဗွန်နေရှင်း ဖြစ်စဉ် (carbonation process) ဖြစ်စေပြီး ကွန်ကရိထဲတွင် pH 8 to 9 ထိ ရှိစေပြီး အောက်ဆိုက်အလွှာကိုပျက်စီးစေသည်။
ကွန်ကရိထဲတွင် ပိုလျှံနေသော ကယ်လ်စီယံ အောက်ဆိုက်များ (free calcium) ဆိုဒီယံ နှင့် ပိုတက်စီယံ တို့၏ အယ်လ်ကာလီ (alkali) ဂုဏ်သတ္တိကြောင့် pH 12 မှ 13 ထိရှိနေတတ်ပေသည်၊ သံချောင်းကို ကာကွယ်ထားသော အလွှာပျက်စီးသောအခါ သံ အောက်ဆီဂျင် နှင့် ရေငွေ့တို့ ပေါင်းစပ်၍ သံချေးတက်ခြင်းစတင်လေတော့သည်။
Bridge Frame
Advertise here
သံမဏိများ သံချေး စ တက်ရာတွင် မျက်နှာပြင်ပေါ်တွင် လျှပ်စစ် ဝန်ရိုးစွန်း ၂ ခုပါသော electrochemical cells များဖြစ်ပေါ်လာသည်၊ ဆဲလ်တခုတွင် anode နှင့် cathode အစုံ ပါဝင်ပေသည်၊ အဲနုတ် အစက်သည် သံ၏မျက်နှာပြင် ပေါ်တွင်ရှိ၍ ionization ဆက်လက်ဖြစ်ပေါ်ရာတွင် အီလက်ထရွန် နှင့် အောက်ဆိုက်များ ဖြစ်လာရသည်၊ ထိုအခါ အီလက်ထရွန်များ စီးဆင်းရာ လမ်းကြောင်း (return circuit) ဖြစ်ပေါ်လာပြီး ကက်သုတ် အစက် နေရာဖြစ်ပေါ်လာတော့သည်၊ ထိုသို့ ဖြင့် အောက်ဆီဒေးရှင်း ဖြစ်စဉ် သည် မရပ်မနားဖြစ်ပေါ်ပြီး သံ၏အပေါ်ယံ အလွှာတွင် သံအောက်ဆိုက်များ (FeO2) တိုး၍တိုး၍ ဖြစ်နေပေ တော့သည်။

pH level မြင့်သော မြေတွင် သံမဏိ ပိုင်တိုင်များ (structural steel piles) အ သုံးပြုရာတွင် သံချေးတက်ခြင်းကြောင့် တနှစ်လျင် 0.2 to 0.5 mm ထိ သံချောင်းသည် ပါးသွားနိုင်ပေသည်၊ ထိုအခါ သံချောင်း ၏ ဖြတ်ပိုင်း ဧရိယာ လျော့နဲလျက် ခံနိုင်ရည်အား ကျဆင်းသွားလေသည်၊ ဒီဇိုင်းတွက်ရာတွင် (corrosion rate) 1mm/yr နှုန်းဖြင့်ခန့်မှန်းလျက် အရွယ်အစား ပိုကြီးသော သံမဏိချောင်း အရွယ်အစားကို ရွေးချယ်သင့်ပေသည်။

Reinforcements
Advertise here
သံကူကွန်ကရိတွင် သုံးသော သံချောင်များ သံချေးတက်လျင်
၁-ဖြတ်ပိုင်း ဧရိယာလျော့နည်းလျက် အား (Capacity) လျော့သွားမည်
၂-ကွန်ကရိနှင့် သံချောင်း ပူတွဲထားနိုင်မှု (bond strength) ဆုံးရှုံးမည်
၃-ကွန်ကရိ အကာအလွှာများ ကွာကျ (spalling) ၍ သံချောင်းများပေါ်လာပြီး အဆောက်အဦ ပျက်စီးစေမည်၊

သံမဏိ အဆောက်အဦများတွင် ဆေးအထပ်ထပ်သုပ်လိမ်း ၍ကာကွယ်သင့်ပေသည်၊ ယခုအခါ မီးလောင်မှုကို နာရီပိုင်းအကြာ ခံနိုင်သော သံချေးတက်မှုကာကွယ်ပေးသော ဆေးရည်များ membrane သုတ်ဆေး နှင့် အလွှာများ အလွယ်တကူ ရ ရှိနိုင်ပေပြီ၊ သံချေးတက်ခြင်း၏ အိုင်ယွန်နိုက်ဇေးရှင်း ဖြစ်စဉ်ကို တားဆီးရန် Cathodic protection နည်းစံနစ်ဖြင့်လည်း သံချေးတက်ခြင်းကို ကာကွယ်နိုင်ပေသည်။
Tower
Advertise here

TYPES OF STEEL CORROSION:

Old post
Advertise here

Author: Win Aung Cho
17-Apr-2022 05:08:53 PM*

129